International Women’s Day 2023 Embrace Equity
#EmbraceEquity #MOWYCA #NUGMYANMAR #Women #Myanmarယခုလာမည့် ၂၀၂၃ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပြီး နိုင်ငံတကာ၌ နှစ်စဉ် နှစ်တိုင်း အဆိုပါနေ့တွင် အမျိုးသမီးနှင့် ဂျန်ဒါ အခွင့်အရေးနှင့် တန်းတူညီမျှမှု တို့အတွက် ရည်ရွယ်ကာ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိပါသည်။ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ-Embrace Equity” ဟူ၍ဖြစ်ပြီး အမျိုးသမီးများ၏ တန်းတူညီမျှမှုနှင့် ရပိုင်ခွင့်များအတွက် ဖမ်းဆုပ်မြဲမြံနိုင်ရန် လှုပ်ရှားသွားရန် လိုအပ်ကြောင်းအားလည်း မီးမောင်းထိုးပြနေပါသည်။ယခုနွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍသည် ရှေ့တန်းမှနေ၍ ကြီးမားသည့်အစိတ်အပိုင်းအနေဖြင့် ပါဝင်နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့အတူ မြန်မာ့လူမှုအသိုင်းအဝိုင်း၍ အမျိုးသမီးများ၏ အခွင့်အရေး တန်းတူညီမျှမှုနှင့် ပါဝင်ပက်သက်မှုအား အထူး အရေးထားဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော် …