၀န်ကြီးဌာန ဖွဲ့စည်းပုံ

ပံ့ပိုးထောက်ကူဝန်ဆောင်ရေးဌာန

ပံ့ပိုးထောက်ကူဝန်ဆောင်ရေးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းအစီစဉ်များနှင့် နေ့စဉ်လုပ်ငန်းများ ချောမွေ့လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီထောက်ပံ့ပံရန်ဖြစ်သည်။

မူဝါဒ၊ စီမံကိန်း၊ ဥပဒေရေးရာနှင့် သုတေသနဖွံ့ဖြိုးရေးဌာန

မူဝါဒ၊ စီမံကိန်း၊ ဥပဒေရေးရာနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများမှာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများနှင့် စီမံကိန်းများ ရေးဆွဲခြင်း၊ ၎င်းမူဝါဒများနှင့် အစီအစဉ်များအား ပံ့ပိုးခြင်း၊ သုတေသနများလုပ်ဆောင်ခြင်းနှင့် ဝန်ကြီးဌာန၏ သတင်းအချက်အလက်များကို စီမံခန့်ခွဲခြင်းများ လုပ်ဆောင်ရန်ဖြစ်သည်။

အမျိုးသမီးနှင့် ကျားမတန်းတူရေးရာဌာန

အမျိုးသမီးနှင့် ကျားမတန်းတူရေးရာဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ပန်းတိုင်နှင့် ရည်မှန်းချက်များချမှတ်ခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အလုံးစုံ အောင်မြင်ရေးအတွက် ဦးတည်ဆောင်ရွက်သည်။

လူငယ်ရေးရာဌာန

လူငယ်ရေးရာဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများမှာ မြန်မာနိုင်ငံရှိ လူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့် ရည်မှန်းချက်များချမှတ်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အလုံးစုံအောင်မြင်ရေး အတွက် ဦးတည်ဆောင်ရွက်သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဌာန

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများမှာ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးများမြှင့်တင်ခြင်း၊ ၎င်းတို့၏အကာအကွယ်ရပိုင်ခွင့် ရရှိစေရေး အတွက် ပန်းတိုင်နှင့် ရည်မှန်းချက်များချမှတ်ခြင်း၊ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် အလုံးစုံအောင်မြင်ရေးအတွက် ဦးတည်ဆောင်ရွက်သည်။

အကြံပေးဘုတ်အဖွဲ့၏ ရည်ရွယ်ချက်နှင့် အခန်းကဏ္ဍ

အကြံပေးဘုတ်အဖွဲ့၏ ရည်ရွယ်ချက်နှင့် အခန်းကဏ္ဍမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများရေးဆွဲရေးနှင့် မဟာဗျူဟာမြောက် ဦးတည်ချက်လမ်းကြောင်းများချမှတ်ရာတွင် ပံ့ပိုးကူညီထောက်ပံ့နိုင်ရန်နှင့် ၎င်း၏ လုပ်ငန်းအစီအစဉ်များအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်မှုများ၊ ပြဿနာရပ်များအပေါ် ဆန်းစစ်လေ့လာချက်များနှင့် အကြံပြုချက်များ ပံ့ပိုးပေးရန်ဖြစ်သည်။

အခြားလေ့လာရန်