နှစ်စဥ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ International Day for the Elimanation of Violence အတွက် ၁၆ ရက်တာလှုပ်ရှားမှု (16days Campaign) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနတို့က ပူးပေါင်းပြီး လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် 16 days Campaign လှုပ်ရှားမှု
စတင်ခြင်းအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး NUG အစိုးရ နိုင်ငံတော် ယာယီသမတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၊
CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီးတို့ကအဖွင့်မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါတယ်။
အခမ်းအနားမှာ နိုင်ငံတော် သမတက မိန့်ခွန်းပြောကြားရာတွင် အန်ယူဂျီအစိုးရအနေနဲ့အခုလို ဂျန်ဒါအခြေပြုအကြမ်းဖက်မှု
ပပျောက်ရေးလှုပ်ရှားမှုမှာ ကမ္ဘာတဝန်းက တာဝန်ခံမှုရှိတဲ့အစိုးရများတက်ကြွလှုပ်ရှားအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခွင့်ရတာ
ဝမ်းသာမိပါကြောင်း ၊ ဒီနေ့မှာ မိမိဟာ စစ်အာဏာရှင်လက်အောက်မှာ အကြမ်းဖက်မှုကို
ခေတ်အဆက်ဆက်ကခံစားနေရတဲ့ အမျိုးသမီး ကလေးသူငယ်နှင့်ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုပါကြောင်း၊ မိမိတို့
နိုင်ငံအနေနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုပပျောက်ရေးဟာ အရေးကြီးသလို အစိုးရတရပ်အနေနဲ့လည်း အလေးအနက်ထားရ
မယ့်ကိစ္စဖြစ်တယ်လို့ ခံယူထားပါကြောင်းကို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ဆက်လက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက အဖွင့်မိန့်ခွန်းပြောကြားပါတယ်။ ထိုသို့ပြောကြားရာတွင်
အကြမ်းဖက်မှုများကိုကာကွယ်တားဆီးတဲ့အခါ အမျိုးသမီးလူ့အခွင့်အရေးကိုအခြေပြုတဲ့ ချဥ်းကပ်မှုနည်းလမ်းများလိုအပ်သလို
အကြမ်းဖက်မှုများကို တုံ့ပြန်တဲ့အခါမှာလည်း အစုအဖွဲ့များက ကျူးလွန်ခံရသူအား ဗဟိုပြုတဲ့နည်းလမ်းနှင့် ၄င်းတို့ရဲ့အခွင့်အရေး
လုံခြုံရေး ဂုဏ်သိက္ခာကို လေးစားလိုက်နာ်ေရး ခွဲခြားမှုကင်းစင်ရေးနှင့် လျှို့ဝှက်မှုကိုထိန်းသိမ်းရေးစတဲ့အခြေခံမူတွေကိုပါ
လိုက်နာဖို့လိုအပ်လှပါတယ်၊ ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး
ဌာနကို ဖွဲ့စည်းကာ တော်လှန်ရေးကာလ စစ်ကာလအတွင်း ပြည်သူများကိုထိရောက်စွာကာကွယ်ပေးနိုင်ရန်ဆောင်ရွက်
လျက်ရှိကြောင်း ပြောကြားသွားပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်
ညွန့်က အဖွင့်အမှာစကားကိုခုလိုပြောကြားသွားပါတယ်။ ( အသံကုဒ်အစ ) — အမျိုးသမီးထုရဲ့ စိတ်ပိုင်းရုပ်ပိုင်းတို့ကို
ညှဉ်းပန်းနှိပ်စက်တဲ့ သို့မဟုတ် ဂုဏ်သိက္ခာကိုထိပါးစေနိုင်တဲ့ဆောင်ရွက်မှုမျိုးကို မဆောင်ရွက်သင့်ဘူးဆိုတာ ယဥ်ကျေးတဲ့
လူ့အသိုင်းအဝိုင်းအတွက် စံနမူနာတခုအဖြစ်သတ်မှတ်ရတော့မယ် အချိန်ကာလတခုရောက်နေပြီလို့ ဆိုချင်ပါတယ်၊
အမျိုးသမီးဟာ လူသားတို့ရဲ့ မိခင်ဖြစ်ပါတယ်၊။ တနည်းအားဖြင့်လူ့ယဥ်ကျေးမှုနှင့်လူသားထုအသိုင်းအဝိုင်းရဲ့မိခင်များအဖြစ်
အင်မတန်မှ ကျေးဇူးကြီးမားတဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံတဲ့အမျိုးသမီး ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမလုပ်ဘူး
ဆိုတာ ညှာတာခြင်းသနားခြင်းဆိုတာမျိုးထက် ကျေးဇူးကြီးမားတဲ့ကျေးဇူးရှင်များအဖြစ် အလေးအနက်ထားပြီး အခုလိုမလျော်တဲ့
အကြမ်းဖက်မှုတွေ ဆောင်ရွက်စရာအခွင့်လုံးလုံးမယူသင့်ဘူးဆိုတဲ့ အသိပညာ မျိုးကို ပေးရမှာဖြစ်ပါတယ်။ ဖိနှိပ်မှုတွေရှိလာ
တဲ့အခါမှာလည်း ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတဲ့ယန္တရားတွေကိုလည်းပဲ တည်ဆောက်ရမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာတော့
ကံဆိုးမိုးမှောင်ကျစွာစစ်အာဏာသိမ်းပြီးတဲ့ကာလတလျှောက် အခုဆိုရင် အမျိုးသမီးများအပေါ် မုဒိမ်းမှုအပါအဝင်အကြမ်းဖက်
မှုစုစုပေါင်း ၆၆ မှု နှင့် အမျိုးသမီးများ ၁၀၀ ကျော်လောက် ကျူးလွန်ခြင်းခံရတယ်။ သတ်ဖြတ်ခြင်းခံရတာတွေလည်း ရင်ဆိုင်
နေရပါတယ်(အသံကုဒ်အဆုံး ) အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ် စူဇန်နာလှလှစိုးကလည်း ယနေ့နိုဝင်ဘာလ ၂၅ ရက်မှစလို့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိဖြစ်တဲ့ ၁၆ ရက်တာဖဲကြိုးဖြူ
ကမ်ပိန်းလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်သလိုပါဝင်ပေးကြဖို့ဖိတ်ခေါ် ကြောင်းပြောကြားသွားပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ
၂၅ ရက်မှ ဒီဇဘင်ဘာလ ၁၀ ရက်နေ့ထိ ကျရောက်တဲ့ ၁၆ ရက်တာဖဲကြိုးဖြူကမ်ပိန်းလှုပ်ရှားမှုဆောင်ပုဒ်မှာ
UNiTE! Activism to End Violence against Women & Girls!
မြန်မာဘာသာအားြဖင့် အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျော််က်ဖို့ အားလုံး စုစည်းလုပ်ဆောင်စို့
ဖြစ်ပါတယ်။ ယခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားကို အန်ယူဂျီအစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့
လူမှုကွန်ရက်စာမျက်နှာ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ Public Voice TV လူမှုကွန်ရက်သတင်းစာမျက်နှာ၊ Mizzima
DVB , KhitThit, The Voice of Spring , People Spring, Dday, Delta News Agency, D Lann မီဒီယာများရဲ့ စာမျက်နှာ
များပေါ်တွင် အသီးသီးထုတ်လွှင့်ပြသသွားမယ်လို့ သိရှိရပါတယ်ခင်ဗျာ။