ကရင်နီပြည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး မှ တွေ့ဆုံအားပေး
ကရင်နီပြည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး မှ တွေ့ဆုံအားပေး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီး သည် ကရင်နီပြည်တွင်း အခြေအနေများ၊ အထူးသဖြင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ အပါအ၀င် လူငယ်၊ အမျိုးသမီးနှင့်အရပ်ဖက်အဖွဲ့များ၏ လူမှုရေး၊ အုပ်အုပ်ချုပ်ရေးဆိုင်ရာ ဦးဆောင်နေသူများနှင့် ရင်းနှီးမှုရယူရန်၊ ၎င်းတို့၏ ကြိုးပမ်းချက်များကို လေ့လာသိရှိရန်၊ ကရင်နီပြည်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊ စစ်ရှောင်နေပြည်သူများ၏ အသံများ နားထောင်ရန် နှင့် အားပေးစကားများကို လူတွေ့ပြောကြားနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကရင်နီပြည်ကို ရောက်ရှိခဲ့သည်။ ထို့အပြင် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန ရဲ့ အဓိက ဦးတည်ချက်သုံးခုဖြစ်သော ၁။ အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ …