International Women’s Day 2023 Embrace Equity

ယခုလာမည့် ၂၀၂၃ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပြီး နိုင်ငံတကာ၌ နှစ်စဉ် နှစ်တိုင်း အဆိုပါနေ့တွင် အမျိုးသမီးနှင့် ဂျန်ဒါ အခွင့်အရေးနှင့် တန်းတူညီမျှမှု တို့အတွက် ရည်ရွယ်ကာ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိပါသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ-Embrace Equity” ဟူ၍ဖြစ်ပြီး အမျိုးသမီးများ၏ တန်းတူညီမျှမှုနှင့် ရပိုင်ခွင့်များအတွက် ဖမ်းဆုပ်မြဲမြံနိုင်ရန် လှုပ်ရှားသွားရန် လိုအပ်ကြောင်းအားလည်း မီးမောင်းထိုးပြနေပါသည်။
ယခုနွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍသည် ရှေ့တန်းမှနေ၍ ကြီးမားသည့်အစိတ်အပိုင်းအနေဖြင့် ပါဝင်နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့အတူ မြန်မာ့လူမှုအသိုင်းအဝိုင်း၍ အမျိုးသမီးများ၏ အခွင့်အရေး တန်းတူညီမျှမှုနှင့် ပါဝင်ပက်သက်မှုအား အထူး အရေးထားဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော် ဖြန့်ဝေရန်လည်း လိုအပ်ပါသည်။
ထို့ကြောင့် ယခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတစ်ခုအား ပြုလုပ်သွားရန်ရှိပြီး အဆိုပါ ကမ်ပိန်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း ပါဝင်သွားရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ အဆိုပါ ဓာတ်ပုံကန်ပိန်းတွင် ပါဝင်ရန် အမျိုးသမီးများအတွက် ခွင့်တူညီမျှစေရန် ရည်ရွယ်၍ မိမိကိုယ်ကို နွေးထွေးစွာ ဖမ်းဆုပ်ယူထားသည့်ပုံအား ယခုပိုစ်ပါ hashtag # များဖြင့် မတ်လ ၈ ရက်နေ့တွင် မိမိတို့ လူမှုမီဒီယာများတွင် မျှဝေဖော်ပြကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
ထို့အတူ မိမိတို့ အရပ်ဒေသတွင်လည်း ကိုယ်ထူ ကိုယ်ထ campaign များပြုလုပ်သွားရန် အထူးအလေးထား တိုက်တွန်းနှိုးဆော်လိုပါသည်။
လာမည့် မတ်လ ၈ ရက်နေ့တွင်လည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အား ဂုဏ်ပြုသော အားဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဂျဲန်ဒါ မူဝါဒ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် မိမိတို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအား online webinar အစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ရာ တက်ရောက်ပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
Webinar တွင် ပါဝင်ရန်
နေ့ရက် ။ ။ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့
အချိန် ။ ။ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ
ခေါင်းစဉ် ။ ။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား
Webinar ID: 861 8808 5000
Passcode: 150755