About Union Ministry
မိတ်ဆက်
- The Ministry of Women, Youth and Children Affairs (MOWYCA) is the first government ministry of its kind established in Myanmar. MOWYCA was created during the 2021 Myanmar Spring Revolution to represent women, young people and children, and to protect their safety and freedom. The Myanmar Army Junta led State Administration Council (SAC) continuously perpetrates atrocities against the nation’s people. These include, but are not limited to unlawful arrests, imprisonment under false charges and the perpetration of physical, sexual and deadly violence against women, children and students.
- ထို့အတွက်ကြောင့် ဤဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ ကျောင်းသား လူငယ် လူရွယ်များအတွက် လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားပါမည်ဟု သန္နိဌာန်ပြုပါသည်။
ရည်ရွယ်ချက်
ကျွန်ုပ်တို့ ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ကို အပြည့်အဝရရှိရန် ကာကွယ်ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျသောမူ ဝါဒများချမှတ်သွားပြီး ၎င်းတို့၏ လတ်တလောရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်သွားပါမည်။
မျှော်မှန်းချက်
မိမိတို့ကိုယ်တိုင်ဦးဆောင်ပါ၀င်တည်ဆောက်ထားသော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် မြန်မာ့ဖက်ဒရယ်နိုင်ငံတော်ကြီးတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အားလုံးတို့သည် အခွင့်အရေး တန်းတူညီမျှရရှိပြီး အောင်မြင်တိုးတက်သောဘ၀များကို လုံခြုံစွာရရှိပိုင်ဆိုင် နိုင်ရန် မျှော်မှန်းသည်။
စံနှုန်းတန်ဖိုးများ
- To respect the rights of Women, Youth and Children
- လူသားချင်းစာနာထောက်ထားခြင်း
- ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကျင့်သုံးခြင်း
ဦးတည်ချက်များ
- အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် အခွင့်အရေးအပြည့်အဝ ရရှိနိုင်စေရန်
- -အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့်ရှင်သန်ရပ်တည်ရေးတို့အတွက် ထောက်ပံ့ပေးရန်
- -အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများတွင် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကဏ္ဍအသီးသီးတွင် ပါဝင်နိုင်ရန်
Quick Link
Menu