About Union Minister
နော်စူစန်နာလှလှစိုးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးအဖွဲ့ဝင်ဖြစ်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ၂၀၁၅-၂၀၂၀ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
နော်စူစန်နာလှလှစိုးသည် မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များနှင့် ဘက်စုံဖွံ့ဖြိုးရေးအတွက် အရေးဆိုခဲ့သူ၊ တက်ကြွလှုပ်ရှားသူနှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူဘဝတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် အခမ်းအနားများ စီစဉ်ပြုလုပ်ပေးခဲ့ပြီး သက်ဆိုင်ရာ အစုအဖွဲ့များကို ကိုယ်စားပြု၍ သမ္မတ အိုဘားမား၊ ဟီလာရီကလင်တန်နှင့် ဒလိုင်းလားမား အစရှိသော ကမ္ဘာ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခွင့် ရခဲ့ပါ သည်။
၂၀၁၂ ခုနှစ်တွင် ဂုဏ်သရေကြီးမားလှသည့် InterAction Humanitarian Award ကို ပထမဦးဆုံးသော မြန်မာအမျိုးသမီးအဖြစ် Washington D.C တွင် လက်ခံရယူခဲ့ပါသည်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့၏ Women of the Year စာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်း ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသမီး အဖွဲ့များ ကွန်ရက် (မြန်မာ) မှ Women in Peace Building Award ကိုလည်း ပေးအပ်ခြင်းခံခဲ့ရပါသည်။
မတ်လ ၁၉၊ ၂၀၂၁ တွင် ခက်ခဲသောအချိန်များတွင်ပြည်သူများနှင့်အတူရှိနေပြီး မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မှုတွင် ရှေ့တန်း၌ ရွတ်ရွတ်ချွံချွံ ဆောင်ရွက်နေသော အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ၀န်ကြီးနော်စူစင်နာလှလှစိုးအား Free Burma Ranger မှရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ချီးမြင့်ပေးအပ်ခဲ့ပါသည်။