End Racism, Build Peace

အနုပညာလက်ရာ များ နဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကြိုဆိုကြစို့ !

SEPTEMBER 21 , International Day of Peace ကို ကြိုဆိုသောအားဖြင့် ‘End Racism, Build Peace’ “ လူမျိုးရေးခွဲခြားမှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို တည်ဆောက်ပါ။” ခေါင်းစဉ် နဲ့ Artwork competition တခု ကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ပြုလုပ်သွားပါမယ်။

ဒီ Artwork competition မှာ မိမိတို့ ကြိုက်နှစ်သက် လုပ်ဆောင်နိုင်တဲ့ ကိုယ်ပိုင် အနုပညာအမျိုးမျိုး ( ဥပမာ၊ ကဗျာ၊ ဒီဇိုင်း၊ ပန်းချီ၊ သီချင်း၊ ဓါတ်ပုံ) စသည် တို့ မှ ’End Racism, Build Peace’ “ လူမျိုးရေးခွဲခြားမှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို တည်ဆောက်ပါ။” ခေါင်းစဉ် ကို ကွန့်မြူးပုံဖော် ကြဖို့ဖြစ်ပြီး အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန သို့ September 20, 2022 အမှီ ပေးပို့သွား ရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ artwork များ ကို ဌာနရဲ့ social media platform များ မှ နေ၍ ပြန်လည် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဌာန ရဲ့ Facebook messenger မှ သော်လည်းကောင်း၊ [email protected] ကိုသော်လည်းကောင်း ပေးပို့ နိုင်ပါတယ်။