Union Minister Naw Susanna Hla Hla Soe visited IDPs camps, met with the evacuated childrenNews / By Admin 1 အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးသည် စစ်ဘေးသင့် ကလေးငယ်များကို စိတ်ဒါဏ်ရာ သက်သာစေရေးအတွက် ပန်းချီဆွဲခြင်း၊ ကလေးများကို ပန်းချီသင်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကလေးငယ်များ၏ အိပ်မက်များမှာ အင်မတန်လှပပါသည်။ ကလေးငယ်များရ၏ အနာဂါတ်ဘဝလေးများ သာယာလှပစေရမည်ဟု ကတိပြုခဲ့ပါသည်။ ထို့အပြင်ဝန်ကြီး နော်စူစင်နာလှလှစိုး သည် စစ်ဘေးဒုက္ခသည်များနှင့်တွေ့ဆုံပြီး လူငယ်များနှင့်ရင်းရင်းနှီးနှီးစကားပြောခဲ့ပါသည်။ စစ်ဘေးသင့်လူငယ်များ၏ အိပ်မက်များမှာ အမျိုးသမီးအဖွဲ့အစည်းများ၏ ခေါင်းဆောင်ဖြစ်ရန်၊ မိမိရပ်ရွာကိုဦးဆောင်ရန်၊ အဆင့်မြင့်ပညာများကိုသင်ကြားရန်စသည်တို့ဖြစ်ပါသည်။ ယင်းလူငယ် များ၏ အနာဂါတ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည်။ 18th Feb, 2021
International Day of Peace; End Racism, Build Peace “လူမျိုးရေးခွဲခြားမူကို ရပ်တန့်ကာ ငြိမ်းချမ်းရေးကိုတည်ဆောက်ပါ” အကောင်းဆုံး ဆုရရှိသူများ စာရင်းကြေငြာခြင်း News / အောက်တိုဘာ 5, 2022 အောက်တိုဘာ 5, 2022