ဒုတိယ၀န်ကြီး အိသဉ္ဇာမောင် မှ မြန်မာလူငယ်တွေ မည်သို့ သဘောထားရှိကြောင်း တင်ပြ ပြောကြား

မင်္ဂလာပါ။ ကျွန်မက အိသဉ္ဇာမောင်ပါ။ ကျွန်မက မြန်မာလူထုထောက်ခံတဲ့ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒုတိယဝန်ကြီးဖြစ်ပါတယ်။ အသက် ၁၆ နှစ် သမီးကတည်းက လူနည်းစု လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုအပြီးမှာ ရန်ကုန်မြို့ သပိတ်ကို လူငယ်တွေ၊ အလုပ်သမားတွေနဲ့ စတင်ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အလျောက် မြန်မာလူငယ်တွေရဲ့ အသံကိုလည်း ကိုယ်စားပြုကြောင်းပြောပါရစေ။ ဒီနေ့ကတော့ လာမယ့် ဧပြီ၊ ၂၄ ရက်မှာ ကျင်းပပြုလုပ်သွားမယ့် ASEAN SUMMIT ကို မြန်မာလူငယ်တွေ မည်သို့သဘောထားရှိကြောင်းကို တင်ပြပါရစေ။

ဒီနေ့ကတော့ လာမယ့် ဧပြီ၊ ၂၄ ရက်မှာ ကျင်းပပြုလုပ်သွားမယ့် ASEAN SUMMIT ကို မြန်မာလူငယ်တွေ မည်သို့သဘောထားရှိကြောင်းကို တင်ပြပါရစေ။ ကျွန်မပြတ်ပြတ်သားသား ပြောပါမယ် အာဆီယံက တက်ကြွလှုပ်ရှားသူလူငယ်တွေဟာ ကျွန်မတို့မြန်မာလူငယ်တွေနဲ့ Milk Tea Alliance လို မီဒီယာ ပလက်ဖောင်းတွေနဲ့ Civil Society organizations တွေက အတူရပ်တည်နေပေမယ့် အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာလူငယ်တွေနဲ့ အတူရပ်တည်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့ပါတယ်။ လူထုကို အလေးပေးတဲ့ ခေါင်းဆောင်တွေများ ဟုတ်ရဲ့လားလို့ သံသယဝင်စရာပါပဲ။

စစ်ကောင်စီရဲ့ လူမဆန်စွာ သတ်ဖြတ်မှု၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပြင် အပြစ်မဲ့ ပြည်သူနဲ့ ကလေးသူငယ်တွေကို ညှင်းဆဲသတ်ဖြတ်မှု၊ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်ချမှု အစရှိတဲ့ ပြစ်မှုတွေကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ ခုထိ မျက်ကွယ်ပြုထားဆဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင် အကြမ်းဖက်တွေကို တစ်ယောက်ချင်းစီရော၊ စီးပွားရေးတွေကိုပါ Targeted Sactions လုပ်ဖို့ရာလည်း ပျက်ကွက်ခဲ့ပြီး Global Arms Embargo ကိုလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရမှာလည်း မြန်မာလူမျိုးတို့ရဲ့ လိုအင်ဆန္ဒကို ကိုယ်စားပြုဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် ယခုတစ်ခေါက် စစ်ကောင်စီကို မြန်မာလူမျိုးများ အကြမ်းဖက် ခေါင်းဆောင်လို့ အသိအမှတ်ပြုထားတဲ့ကြားက အာဆီယံအစည်းအဝေးကို ဖိတ်ကြားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ဆွေးနွေးပွဲကြီးကနေ မြန်မာလူမျိုးများအတွက် လက်တွေ့ကျတဲ့ ထိရောက်အဓိပ္ပါယ်ရှိတဲ့ ရလဒ်မျိုးတွေထွက်လာပါ့မလားလို့ သံသယဝင်မိပါတယ်။

သို့သော် အာဆီယံခေါင်းဆောင်များကို နွေဦးတော်လှန်ရေးမှာ အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့ မြန်မာလူငယ်များအနေနဲ့ လူငယ်တွေရဲ့ တောင်းဆိုမှုကို တင်ပြပါရစေ။ အာဆီယံခေါင်းဆောင်များ အနေနဲ့ မတူညီတဲ့စိတ်ဝင်စားမှုတွေနဲ့ နိုင်ငံရေးတွေကိုမေ့ပြီး လူသားဆန်မှုကို ရှေ့တန်းတင်ပြီး နားထောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။

နံပါတ် ၁။ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာပြည်သူကို ကိုယ်စားပြု၊ ၇၆ ရာခိုင်နှုန်းသော ရွေးကောက်ပွဲအနိုင်ရပါလီမန်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ CDM ပါဝင်သူများနဲ့ အထွေထွေသပိတ်အဖွဲ့များပါဝင်တဲ့ National Unity Government (NUG) ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ NUG အစိုးရကသာ မြန်မာပြည်သူကို အစစ်အမှန်ကိုယ်စားပြုပါတယ်၊ မြန်မာပြည်သူကို ရက်စက်စွာသတ်ဖြတ်ပြီး ကိုယ်ကျိုးအတွက်သာ တိုင်းပြည်အာဏာကို သိမ်းပိုက်ထားတဲ့ စစ်ကောင်စီမဟုတ်ပါဘူး။

နံပါတ် ၂။ NUG အစိုးရကို အာဆီယံ အစည်းအဝေးမှာ တက်ရောက်ဖို့ ဖိတ်ကြားစေလိုပြီး တရားမဝင်စစ်ကောင်စီရဲ့ မြန်မာပြည်ကိုယ်စားပြုမှုကို ငြင်းပယ်စေလိုပါတယ်။ အာဆီယံ အစည်းအဝေးမှာလည်း စစ်ကောင်စီကို မြန်မာကိုယ်စားပြုအနေနဲ့ မသုံးနှုန်းဖို့ သတိမူစေချင်ပါတယ်။

နံပါတ် ၃။ ငြိမ်းချမ်းစွာဆန္ဒပြသူများနဲ့ ပြည်သူများအပေါ် စစ်ကောင်စီက ရက်စက်စွာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုများအတွက် အသံပြုစေလိုပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေ၊ ဆန္ဒပြခေါင်းဆောင်နဲ့ သတင်းထောက်တွေကို လွတ်မြောက်ပေးဖို့ တောင်းဆိုစေချင်ပါတယ်။

နံပါတ် ၄။ မြန်မာပြည်သူများကို သတင်းအမှောင်ချဖို့ကြိုးပမ်းတဲ့ အင်တာနက်ဒေတာနဲ့ ဝိုင်ဖိုင်ဖြတ်တောက်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုစေချင်ပါတယ်။

နံပါတ် ၅။ စစ်ကောင်စီရဲ့ တိုင်းရင်းသားဒေသများအပေါ် စာသင်ခန်းများပါမကျန် ဝေဟင်ထိုးစစ်ဆင်မှုကြောင့် ကရင်၊ ကချင် ဒေသတွေမှာ ဘေးလွတ်ရာပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ ကျော်အတွက် အထူးသဖြင့် ကရင်ဒုက္ခသည်များအတွက် နယ်စပ်ကန့်သတ်မှုတွေ မပြုလုပ်ဘဲ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးစေလိုပါတယ်။

နံပါတ် ၆။ အာဆီယံ ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များကို UN Security Council ၊ UN Human Rights Council နဲ့ International Criminal Court (ICC) နဲ့ မြန်မာ့အရေးအတွက် ပူးပေါင်းပြီးထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်ပါတယ်။

နံပါတ် ၇။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေအပေါ် တစ်ဦးချင်းစီ ထိရောက်တဲ့ Sanction ချမှတ်ပြီး Global Arms Embergo ကိုပြုလုပ်ပေးဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။

၂၄ရက်နေ့ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ လုပ်ရပ်နဲ့ ရပ်တည်မှုဟာ မြန်မာ့သမိုင်းမှာ တွင်ကျန်နေခဲ့မယ့်အပြင် အဆုံးအဖြတ်တခုလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အာဆီယံအနေနဲ့ "ASEAN WAY" ကိုပဲလက်ကိုင်ထားပြီး စစ်ကောင်စီရဲ့မတရား အာဏာသိမ်း၊ ကျူးလွန်မှုတွေကို မသိကျိုးကျွံပြုတဲ့အပြင် မြန်မာနိုင်ငံတော်တော်ငြိမ်းချမ်းရေးအတွက်ဆိုတာကိုပဲ ရည်ညွှန်းမယ်ဆိုရင် အာဆီယံလိုချင်တာ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ပြီး မြန်မာလူမျိုးတွေကို နှိပ်ကွပ်လို့ ငြိမ်ဝပ်သွားတဲ့ ငြိမ်ဝပ်ပိဝမ်ပိပြားရေးလား မြန်မာလူငယ်တွေ အသက်နဲ့ရင်းပြီး အောင်ပွဲကြောင့်ရရှိလာမယ့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုများလား ဆိုတာကို မြန်မာလူငယ်တွေ ကွက်ကွက်ကွင်းကွင်းသိရှိသွားမယ့်အရေးဖြစ်ပါတယ်။ ဒါကြောင့် ၂၄ရက်နေ့ အာဆီယံ အစည်းအဝေးမှာ မြန်မာလူမျိုး၊ မြန်မာလူငယ်များနဲ့ ပြတ်ပြတ်သားသားရပ်တည်ပေးဖို့ တောင်းဆိုပါရစေ။ လူထုအာဏာဟာ လူထုမှာပဲရှိရပါမယ်။

  • 8th Jan, 2021